နိုင်ငံရေးဆောင်းပါးများ၊ သတင်းများ၊ ကာတွန်းများ၊ စာအုပ်စာတမ်းများ စုစည်းတင်ပြပေးသွားမည်ဖြစ်ပါ သည်။
Friday, July 5, 2013
ပါလီမန်စနစ်နှင့် သမ္မတစနစ် (အစိုးရအုပ်ချုပ်ပုံစနစ်များ-၁)
ပါလီမန်စနစ်
ပါလီမန်စနစ်ကို ၁၅ ရာစုဝန်းကျင်တွင် ဗြိသျှကျွန်းစုများ၌စတင်ခဲ့သည်ကိုတွေ့ရသည်။ ထိုခတ်က ဘာသာရေးခေါင်းဆောင်ဖြစ်သောပုပ်ရဟန်းမင်းကြီးသည် ကိုယ်ပိုင်စစ်တပ်ရှိပြီး၊ ဘုရင်နှင့် တန်း
တူ တန်ခိုးအာဏာရှိခဲ့သည်။ထို့အပြင် မြေရှင်ပဒေသရာဇ်စနစ်(Feudalism)ထွန်းကားလာခြင်းနှင့်
အတူဘုရင်သည် မြေရှင်များထံမှအခွန်ကောက်ခံပြီး အာဏာခွဲဝေပေးမှုများပြုလုပ်လာသည်။ မှုး
မတ်များ၊သူကောင်းပြုခံထားရသူများ၊ သူဋ္ဌေးသူကြွယ်များသည်လည်း တန်ခိုးအာဏာရှိသူများဖြစ်
ကြသည်။
ဘုရင်သည် မြေရှင်၊ မှုးမတ်၊ ဘာသာရေးခါင်းဆောင်များကို အိမ်တော်တစ်ခု၊ သူကောင်းပြုခံရသူ
များနှင့် သူဋ္ဌေးသူကြွယ်များအတွက် အိမ်တော်တစ်ခုထားရှိကာနောက်ပိုင်းတွင် မြေရှင်၊မှုးမတ်တို့
၏ အိမ်တော်သည် အထက်လွှတ်တော်ဖြစ်လာပြီး၊ ရှိုင်းယားနယ်များမှ ကိုယ်စားလှယ်များ ပါဝင်
သော အိမ်တော်မှာ အောက်လွှတ်တော်ဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် ပြည်သူထဲမှ ကိုယ်စား
လှယ်များသာပါဝင်သော အောက်လွှတ်တော်သည် ငွေကြေးဥပဒေကြမ်းစတင် တင်သွင်းခွင့်ရရှိ
လာကာ ပိုမိုအရေးပါလာခဲ့လေသည်။
၁၆ရာစုနှစ်တွင် ဘုရင်သည် ၄င်းကိုလွှမ်းမိုးလာသော ရိုမန်ကတ်သလစ်ကျောင်းတော်နှင့် လမ်း
ခွဲချင်လာသည့်အတွက် ဥပဒေပြဋ္ဌာန်းရန် ပါလီမန်ကိုပိုမိုအားကိုးလာ ရတော့သည်။ ၁၇ ရာစုတွင်
ပါလီမန်၏ တန်ခိုးအာဏာပိုမိုထက်မြက်လာပြီး၊ ၁၈ ရာစုတွင် ဘုရင်နှင့်ပါလီမန်တို့ အာဏာခွဲဝေ
မှု ရှိရန် လိုအပ်သည်ဟု ပြင်သစ်အတွေးအခေါ် ပညာရှင်မွန်တက်စကျူ့က ထောက်ပြခဲ့သည်။ ဆို
လိုသည်မှာ ဥပဒေပြုအာဏာနှင့် အုပ်ချုပ်ရေး အာဏာအကြား အာဏာအပြန်အလှန် ထိန်းကျောင်း သည့်စနစ် (Check andBalance) ထားရှိရန်ဖြစ်သည်။
ယနေ့ခေတ် ပါလီမန်စနစ်ကျင့်သုံးသည့် နိုင်ငံများတွင် ဘုရင်သည် ရုပ်ပြအုပ်ချုပ်သူ (Nominal
Executive)ဖြစ်ပြီး စည်းမျဉ်းခံဘုရင်စနစ် (Constitutional Monarch)ဟုခေါ်သည်။ (ဥပမာ- ထိုင်း၊
အင်္ဂလန်)။ ဤစနစ်တွင် ၀န်ကြီးချုပ်သည် အစစ်အမှန်အုပ်ချုပ်သူ (Real Executive) ဖြစ်ကာ အစိုးရ အကြီးအကဲ (Head of Government)ဖြစ်သည်။ တစ်ချို့နိုင်ငံများတွင် Head of stateသည် သမ္မတဖြစ်
သည်။ ဘုရင်(သို့မဟုတ်) ဘုရင်မကို နိုင်ငံ၏ ယဉ်ကျေးမှုအစဉ်အလာအရ ထားရှိခြင်းဖြစ်ပြီး၊ ဘုရင် ကဲ့သို့သော တော်ဝင် မိသားစုမရှိသည့်နိုင်ငံများတွင် ဘုရင်အစားသမ္မတကို စနစ်အရ ဟန်ပြထား ရှိခြင်းဖြစ်သည်။
ပါလီမန်စနစ်တွင် သမ္မတသည် လုပ်ပိုင်ခွင့်အာဏာမရှိပေ။ နိုင်ငံတော်အခန်းအနား ကဲ့သို့သော ဧည်
့ခံ ပွဲများတက်ရခြင်းသာ ၄င်း၏အလုပ်ဖြစ်သည်။ ထို့ကြောင့်ပင် ပါလီမန်စနစ်တွင် ၀န်ကြီးချုပ်သည် ၄င်း၏အလုပ်ကို အာရုံစိုက်လုပ်နိုင်ပြီး တိုင်းပြည် ကောင်းကျိုးအတွက် အချိန်ပိုပေးနိုင်ပေသည်။ ဤ
စနစ်တွင် ပါလီမန်အတွင်း အမတ်အများဆုံးရရှိသည့်ပါတီသည် အစိုးရဖွဲ့နိုင်ပြီး ထိုပါတီ၏ ခါင်းဆောင်
မှာ အလိုအလျောက်ဝန်ကြီးချုပ်ဖြစ်လာသည်။
ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို ပါလီမန်အတွင်းရှိ ၄င်း၏ပါတီမှ အမတ်များကိုသာ ခန့်
အပ်လေ့ရှိသောကြောင့် ပါလီမန်အုပ်ချုပ်ရေးစနစ်တွင် အုပ်ချုပ်ရေးအဖွဲ့နှင့် ဥပဒေအဖွဲ့မှာ ကွဲကွဲပြား
ပြား မရှိချေ။ ၀န်ကြီးချုပ်ကို အယုံအကြည်မရှိအဆို "Vote of no Confidence"တင်သွင်းကာ ဖြုတ်ချ
နိုင်ပြီး၊ ၀န်ကြီးချုပ်ကလည်း လွှတ်တော်ကိုဖျက်သိမ်းကာ ရွေးကောက် ပွဲအသစ်ပြန်စနိုင်ပါသည်။
သမ္မတစနစ်ကမ္ဘာတ၀ှမ်းရှိ ဒီမိုကရေစီနိုင်ငံများတွင် သမ္မတစနစ်ကိုကျင့်သုံးကြရာ၌ များသောအားဖြင့်
အမေရိကန်၏ သမ္မတစနစ်ကို အတုယူရလေ့ရှိသည်ကိုတွေ့ရသည်။ အမှန်တကယ်တမ်း
အားဖြင့် ဘီစီ ၆၀၀ မတိုင်ခင် ကာလများ၌ ရောမမြို့ပြနိုင်ငံများတွင် ဒီမိုကရေစီ သဘော
ဆန်သော သမ္မတအုပ်ချုပ်ရေးပုံစံမျိုး ကိုတွေ့ရှိခဲ့ရသော်လည်း လက်ရှိ ကျင့် သုံးနေသော သမ္မတစနစ်မျိုးတော့ မဟုတ်ခဲ့ချေ။
လက်ရှိကျင့်သုံးနေသည့် သမ္မတစနစ်၏ အစမှာ ၁၇၇၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဂျော့ဝါ
ရှင်တန် ဦးဆောင်သော အမေရိက(၁၃) ပြည်နယ်က ဗြိတိသျှ အင်ပါယာကို ဆင်နွှဲခဲ့သည့်
တော်လှန်ရေးအပြီး၊ အမေရိကန်တို့လွတ်လပ်ရေးရရှိသည့် အချိန်ကာလများတွင်စတင်
ခဲ့သည်။ အမေရိကန်နိုင်ငံ၏ ပထမ ဆုံးသောသမ္မတမှာ ဂျော့ဝါရှင်တန်ဖြစ်သည်။ ထိုမှ စ
တင်၍ အမေရိကန်တို့၏ သမ္မတအုပ်ချုပ်ရေးစနစ်မှာ ယနေ့ခေတ်အထိပင် ခြွှင်းချက်
အနည်းငယ်မှအပ အတော်ပင် ကောင်းမွန်ခိုင်မာခဲ့ကြောင်း တွေ့ရသည်။
သမ္မတ အုပ်ချုပ်ရေးစနစ်တွင် သမ္မတ၏ အခန်းကဏ္ဍသည် အရေးပါလှပြီး၊ ကမ္ဘာတွင်
အာဏာပိုင်စိုးမှု အမြင့်ဆုံးသောသမ္မတမှာအမေရိကန်သမ္မတဖြစ်ကြောင်းပညာရှင်များ
က ဆိုကြလေ့ရှိသည်။ သမ္မတစနစ်၏ သမ္မတသည်နိုင်ငံ၏ အမြင့်ဆုံးသော ဦးသျှောင်
ဖြစ်ကာ အစိုးရအဖွဲ့၏ခေါင်းဆောင်လည်းဖြစ်သည်။ ဆိုလိုသည်မှာ သမ္မတသည် ၀န်
ကြီးချုပ် ဦးဆောင်သည့် စနစ်ဖြစ်သော ပါလီမန်စနစ်မှာကဲ့သို့ နိုင်ငံ ခေါင်းဆောင်
(Head of State)တာဝန်နှင့် အစိုးရအဖွဲ့၏ခေါင်းဆောင်(Head of Government)တာဝန်
ကို ပူးတွဲ ရယူ ထမ်းဆောင်ခြင်းပင် ဖြစ်ပါသည်။
သမ္မတသည် နိုင်ငံခေါင်းဆောင် (Head of State)အနေဖြင့် တနိုင်ငံလုံး၏ အကြီးအကဲ
ဖြစ်ပြီး၊ နိုင်ငံအပေါ် တာဝန်ခံကာ နိုင်ငံတကာဆက်ဆံရေးကိစ္စရပ်များကို ဆောင်ရွက်
ခြင်း၊ လွှတ်တော်တွင် မိန့်ခွန်းပြောကြားခြင်း၊ နိုင်ငံသားများကိုရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာများမှတဆင့် မိန့်ခွန်းပြောကြားခြင်းများကို ပြုလုပ်နိုင်သော်လည်း အစိုးရ
အဖွဲ့၏ ခါင်းဆောင်အနေဖြင့်မှု ထိုသို့ လုပ်ဆောင်ရန် အခွင့်အာဏာမရှိချေ။ သမ္မတ
သည် အစိုးရအဖွဲ့၏ခေါင်းဆောင်အနေဖြင့် အုပ်ချုပ်ရေးယန္တရားကို ဦးဆောင်မောင်း
နှင်ရသည့် တာဝန်သာရှိပါသည်။
အမေရိကန်နိုင်ငံတွင် သမ္မတသည် အစိုးရအဖွဲ့၏ခေါင်းဆောင်၊ နိုင်ငံ၏ဦးသျှောင်ဆို
သည့် တာဝန်များအပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (Commander-in-chief)
အဖြစ်လည်း တာဝန်ယူထားရသည်ကိုတွေ့ရပြန်သည်။ သမ္မတသည် ဖွဲ့စည်းပုံအခြေခံ
ဥပဒေအရ သတ်မှတ်ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်အာဏာ(Constitutional Authority)
ကို ကျော်လွန်ခြင်း မရှိစေရချေ။ လွှတ်တော်သည် သမ္မတနှင့် ယင်း၏ အစိုးရ အဖွဲ့ကို အာဏာထိန်းကျောင်းခြင်း (Check and Balance)ကောင်းစွာ ပြုလုပ်နိုင်သည်။ ထို့အပြင်
အုပ်ချုပ်ရေး အာဏာ၊ ဥပဒေပြုအာဏာနှင့် တရားစီရင်မှု အာဏာတို့သည် အာဏာ
တူညီမျှမှု (Three coequal) ရှိခြင်းဖြင့် အပြန်အလှန် ထိန်းကြောင်းမှုကို ပိုမို သက်ဝင်
အားကောင်းစေပါသည်။
သမ္မတအား သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့မှ ရွေးကောက်တင်မြှောက်သည်။
(အမေရိကန်တွင် တိုက်ရိုက်ရွေးကောက်တင်မြှောက်သည်။) ဤစနစ်တွင် သမ္မတနှင့် ဥပဒေပြုအမတ်များကို သတ်သတ်စီ ရွေးကောက်တင်မြှောက်သဖြင့် လွှတ်တော်နှင့် သမ္မတတို့သည် ကျေးဇူးခံကျေးဇူးစားမဟုတ်ချေ။ ထို့ပြင် အမတ်များနှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများမှာသတ်သတ်စီဖြစ်သည်။ အကယ်၍ လွှတ်တော် အမတ်များထဲမှ အစိုးရ အဖွဲ့သို့ ပြောင်းရွှေ့ခန့်အပ်ခဲ့လျှင် လွှတ်တော်အမတ်အဖြစ်မှ နှုတ်ထွက်ရသည်။
ဥပဒေပြုလွှတ်တော်သည် သမ္မတကိုဥပဒေပြုခြင်းဖြင့် ထိန်းကျောင်းနိုင်သောအာဏာ
(Legislative power)ရှိပြီး၊ သမ္မတတွင် ထိုအာဏာကို ပြန်လှန်နိုင်သည့် ဗီတို (Veto Power)
ရှိနေပြန်သည်။ သမ္မတကို ယင်း၏ သက်တမ်းအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတ
အရည်အချင်း မချို့ယွင်းသရွေ့ ဖြုတ်ချနိုင်ခွင့်မရှိချေ။ လွှတ်တော်က သမ္မတကို စွတ်စွဲ
အပြစ်တင်ခြင်း (Impeachment) ပြုလုပ်ပြီး မဲခွဲဆုံးဖြတ်ခြင်း၊ ကြားနာ စစ်ဆေးခြင်းများ
ပြုလုပ်နိုင်သည်။ ၄င်းတာဝန်ခံဦးဆောင်ရမည့် အစိုးရအဖွဲ့၏၀န်ကြီးများကို ၄င်းကိုယ်
တိုင် စိတ်ကြိုက်ရွေးချယ်ခွင့်ရှိပြီး ယင်း တင်သွင်းသည့် အမည်စာရင်းကို လွှတ်တော်က
ကြားနာပြီး အတည်ပြု ခန့်အပ်ခြင်း၊ အရည်အချင်းနှင့် မကိုက်ညီပါက ငြင်းဆိုခြင်းများ
ပြုလုပ်သည်။
(လင်းသက်)
မှတ်ချက်။ ။ (အကျဉ်းမျှသာ ဖေါ်ပြထားခြင်းဖြစ်ပါသည်။)
Thursday, July 4, 2013
လစ်ဘရယ်ဝါဒ (Liberalism) နှင့် လစ်ဘရယ်သမိုင်းကြောင်း (အပိုင်း-၁)
သမိုင်းနောက်ခံ
(၁၂)ရာစုအကုန်ပိုင်းတွင် ကုန်သည်များသည် ဥရောပတလွှားဖြတ်သန်း
သွားလာကာ ကုန်စည်ကူးသန်းကြသည်။ ၄င်းတို့စုဆုံသောနေရာဒေသများသည် စည်
ကားသိုက်မြိုက်လာပြီး ကုန်ကူးသန်းရာအချက်အချာကျသော မြို့များအဖြစ် ပေါ်ထွန်း
လာခဲ့သည်။ ၄င်းမြို့ များတွင်ပင် ကုန်သည်များနှင့် လက်မှုပညာသည်များက အခြေ
ချ နေထိုင်ခဲ့ကြသည်။ မြို့ များမှာ ဈေးမြို့များအသွင်ရှိနေပြီး ထိုမြို့များကို ဘူဂ်(Bourg)
ဟု ခေါ်တွင်ကြသည်။ ၄င်းဘူဂ်(Bourg)မြို့များတွင် နေထိုင်ကြသော မြို့နေလူတန်းစား
ကို ဘူဇွာ (Bourgeoisie) ဟုခေါ်သည်။ မြေရှင်ပဒေသရာဇ်ခေတ်တွင် ခေတ်စားခဲ့သော
Guild System ပြုလဲသွားခြင်းနှင့်အတူ ဘူဇွာလူတန်းစားသည် အင်အား အတော်အသင့်
ကြီးထွားလာခဲ့သည်။
ဘူဇွာလူတန်းစားတွင် ကုန်သည်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ
နှင့် လူလတ်တန်းစားများ ပါဝင်ကြသည်။ ၄င်းလူတန်းစားသည် အရင်းရှင်စီးပွားရေးစနစ်
၏ လွတ်လပ်မှုနှင့်အတူ လူမှုရေးလွတ်လပ်များကို ရရှိခဲ့ကြသည်။ ထိုအထဲတွင် ပညာတတ်
လူတန်းစားများသည် ထိုခေတ်ထိုအခါက ဘုရားကျောင်းတော်များ၏ အယူအဆများကို
ပြောင်းလဲပေးခဲ့ပြီး၊ ဆင်ခြင်တုံတရားကို အခြေခံသောအတွေးအခေါ်သစ်များကို ဖေါ်ထုတ်
ပေးခဲ့ကြသည်။
ထိုသို့ဖြင့် တက္ကသိုလ်မှ ပညာတတ် ကျောင်းသား (Scholar)က ဖေါ်ထုတ်ခဲ့ကာ
ထိုအယူဝါဒသစ်မှာ (Scholasticism) ဟု အမည်တွင်ခဲ့လေသည်။ ၁၆၀၃ ခုနှစ်တွင် အင်္ဂလန်
၌ စတူးဝပ်မင်းဆက်နန်းတက်သည်။ ထိုမင်းဆက်လက်ထက်တွင် နှင်းဆီစစ်ပွဲဖြစ်ပွားခဲ့ပြီး
တိုက်ပွဲတွင် ပဒေသရာဇ်မျိုးနွယ်များ အများအပြားကျဆုံးခဲ့ရသည်။ ၄င်းကျဆုံးသွားသူများ
နေရာတွင် ဘူဇွာတို့အား အစားထိုးခဲ့ကြရသည်။ ဤသို့ဖြင့် ပါလီမန်တွင် ဘူဇွာတို့အင်အား
ကောင်းလာလေသည်။
အင်အားကြီးထွားလာသော ဘူဇွာတို့ကြီးစိုးရာ ပါလီမန်နှင့် ဘုရင်၏ တန်ခိုး
အာဏာပြိုင်ဆိုင်မှုကြောင့် ၁၆၄၂ ခုနှစ်မှ ၁၆၄၅ ခုနှစ်အထိ(၃) နှစ်ကြာအောင် ပြည်တွင်း
စစ် ဖြစ်ခဲ့သည်။ နောက်ဆုံးတွင် ပါလီမန် အနိုင်ရပြီး ဘုရင်ကို ကွက်မြက် သုတ်သင်ကာ
သမ္မတနိုင်ငံ တည်ထောင်လိုက်ကြသည်။
သို့သော် သမ္မတ ဘော်လီယာဖာ ကရွန်းဝဲ (၁၆၅၈) ခုနှစ်တွင် ကွယ်လွန်ပြီး
နောက် ၁၆၆၀ ခုနှစ်တွင် ပါလီမန်က ချားလ်(၂)ကို ထီးနန်းပြန်အပ်ခဲ့ရသည်။ ချားလ်(၂)
အာဏာပြန်ရလာချိန်တွင် “အင်္ဂလိပ်လူမျိုးတို့၏ လွတ်လပ်မှုကို လေးစားပါမည်” ဟူ
သော ၄င်း၏ကတိကို ချိုးဖေါက်ခဲ့ရာ ၁၆၇၂ တွင် ပါလီမန်နှင့် အတိုက်အခံပြန်ဖြစ်ရပြန်
သည်။
ဤတစ်ကြိမ်တွင် ပါလီမန်၌ တိုရီ (Tory) နှင့် ဟစ် (Whigs) ဟူ၍ ပါတီ နှစ်ခုပေါ်
ပေါက်လာခဲ့သည်။ တိုရီ(Tory) ပါတီသည် ၁၈၃၅ ခုနှစ်၌ ကွန်ဆာဗေးတစ်အဖြစ် တရားဝင်
ရပ်တည်ခဲ့လေသည်။ တိုရီနှင့် ဟစ်တို့သည် အယူအဆချင်း ဆန့်ကျင်ခဲ့ကြသော်လည်း အ
ကြွင်းမဲ့အာဏာရှင်စနစ်ကို ရွံ့မုန်းပုံချင်းမှာ တူညီကြသည်။
၁၆၈၈ ခုနှစ်တွင် ၄င်းပါတီနှစ်ခု ပူးပေါင်းပြီး သွေးမဲ့တော်လှန်ရေးကို အောင်
မြင်နိုင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ အင်္ဂလန်နိုင်ငံတွင် အကြွင်းမဲ့အာဏာပိုင် ဘုရင်စနစ်
ပျက်သုဉ်းသွားခဲ့လေသည်။ အဆိုပါ ၁၆၈၈ အင်္ဂလန်တော်လှန်ရေးကြီးပြီးနောက် စည်း
မျဉ်းခံ ဘုရင်စနစ်ကို ဖေါ်ဆောင်ခဲ့ရာတွင် အင်္ဂလိပ်အတွေးအခေါ်နှင့် နိုင်ငံရေးတွေးခေါ်
ပညာရှင် ဂျွန်လော့ခ် (၁၆၃၂-၁၇၀၄)သည် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သည်။
ဂျွန်လော့ခ်၏ ထင်ရှားကျော်ကြားသော နိုင်ငံရေးကျမ်းများမှာ A Letter Concerning
Toleration (1689) နှင့် Two Treatises of Government (1690) တို့ဖြစ်သည်။ ဂျွန်လော့ခ် အား
ရှေးဦးလစ်ဘရယ်ဝါဒ (ဂန္ထ၀င်လစ်ဘရယ်ဝါဒ) (Classic Liberalism)အား အုတ်မြစ်ချသူ ခေါင်း
ကိုင်ဖခင် အဖြစ်သတ်မှတ်ခဲ့ကြသည်။
ထိုသို့ အင်္ဂလန်နိုင်ငံ၏ အကြွင်းမဲ့ဘုရင်စနစ်ပြိုလဲသွားမှုသည် ၄င်း၏ လက်အောက်ခံ
နိုင်ငံများအတွက် အားတက်စရာ အခြေအနေဖြစ်လာခဲ့သည်။ ၁၇၆၅ ခုနှစ်တွင် အင်္ဂလိပ်တို့
ထုတ်ပြန်လိုက်သည့် တံဆိပ်ခေါင်း ဥပဒေမှအစပြုကာ ကိုလိုနီနိုင်ငံများသည် အင်္ဂလိပ်တို့၏ အခွန်စနစ်အပေါ် မကျေမနပ်ဖြစ်လာခဲ့ကြသည်။
၁၇၇၅ ခုနှစ်တွင် ဂျော့ဝါရှင်တန်ဦးဆောင်သော အမေရိကန်တို့က အင်္ဂလိပ်တို့ကို
တော်လှန်ခဲ့ရာ ၁၇၇၆ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့သည်။ ပြင်သစ်သည် ၄င်းတို့လက်မှ လု
ယူသွားသော အမေရိကန်ကိုလိုနီ (၁၃) နိုင်ငံကို အင်္ဂလိပ်တို့လက်မှ လွတ်မြောက်အောင် ကူ
ညီခဲ့သည်။ ထိုသို့ကူညီခြင်းကြောင့်ပင် ပြင်သစ်အစိုးရမှာ ဘဏ္ဍာရေး အကြပ်အတည်းနှင့် ရင်
ဆိုင် ရတော့လေသည်။ ဘုရင်နှင့် ပါလီမန်တွင် ဘုရင်ကသာ အာဏာ လွှမ်းမိုးချုပ်ကိုင်ထား
သည်။
၁၇၈၉ တွင် ဘုရင်က အခွန်တိုးမြှင့်ကောက်ခံရန် States General ဟုခေါ်သော
လူတန်းစား ပေါင်းစုံပါဝင်သည့် လွှတ်တော်အစည်းအဝေးကြီးကို ဆင့်ခေါ်လိုက်သည်။ ကုန်
သည် ပွဲစား၊ လက်မှုပညာရှင်များ၊ အလုပ်သမား၊ လယ်သမားများမှာ မည်သည့် နိုင်ငံရေး
အခွင့်အာဏာမျှမရှိပဲ အခွန်များပေးဆောင်နေကြရသဖြင့် မကျေမနပ်ဖြစ်လာကြသည်။
ထိုခေတ် ထိုအခါက ပြင်သစ်နိုင်ငံ၏ ပညာရေးအဆင့်အတန်းမှာ ဥရောပရှိ အခြား
နိုင်ငံများထက် ပိုမိုမြင့်မားသည်။ ရူးဆိုး (Rousseau)၊ မွန်တက်(စ်)ကျူ့ (Montesquieu)၊ ဗော်
တဲလ်ယား တို့ကဲ့သို့ ထင်ရှားသည့်ပညာရှင်များက ပြင်သစ်နိုင်ငံ၏ နိမ့်ကျလာသော စီးပွား
ရေး၊ အုပ်ချုပ်ရေးအခြေအနေများကိုထောက်ပြခဲ့ကြသည်။
လူမှုရေး ပဋိညာဉ် (Social Contract)
ဂျွန်လော့ခ် (၁၆၃၂-၁၇၀၄) နှင့် သောမတ်ဟော့ (၁၅၈၈-၁၆၇၉)တို့၏ နိုင်ငံ
ရေး အတွေးအခေါ်များမှ မြစ်ဖျားခံလာခဲ့သော ရူးဆိုး၏ လူမှုရေးပဋိညာဉ် (Social Contract)
ကျမ်းက လူသားတိုင်း၏ မွေးရာပါအခွင့်အရေးနှင့် ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများ
ကို ဖေါ်ပြခဲ့သည်။ ရူးဆိုး၏ အယူအဆအရ လူတို့သည် တိုးတက်လာသော ယဉ်ကျေးမှု အခြေအနေများကြောင့် လုပ်ငန်းတာဝန် ခွဲဝေမှုအပေါ် မူတည်ကာ ပိုင်ဆိုင်မှုလည်း ကွာ
ခြား လာသည်။ ထိုအခါ လူတန်းစား ခြားနားမှုများဖြစ်လာပြီး နဂိုဃ်ရှိပြီးသား သဘာဝ
အခြေအနေများ ပျက်ပြားလာသည်။
ထိုအခြေအနေကို ရှောင်လွှဲနိုင်ရန်အတွက် လူမှုရေးစည်းမျဉ်းများဖြင့် ထိန်း
ကွပ် ထားသော လူ့အဖွဲ့အစည်းတစ်ရပ် ထူထောင်ရမည်ဟု ဆိုသည်။ ထို့အပြင်ရူးဆိုး
က လူတိုင်းတွင် လွတ်လပ်ခွင့်ရှိပြီး၊ လူတိုင်း၏ လက်ထဲတွင် နိုင်ငံတော် အာဏာရှိပါက
မည်သည့် ပဋိပက္ခမျှရှိလာနိုင်မည်မဟုတ်ဟု ဆိုသည်။ လူအများ၏ဆန္ဒ (General Will)
ဆိုသည်မှာလည်း လူတစ်ဦးချင်းစီ၏ ဆန္ဒများကို စုပေါင်းထားခြင်းဖြစ်သဖြင့်၊ အများစု
၏ ဆန္ဒုကို အကောင်အထည် ဖေါ်ခြင်းဖြင့် လူနည်းစု၏ ကောင်းကျိုးကို ဆောင်ရွက်ပြီး
သား ဖြစ်သွားမည်ဟု ကောက်ချက်ဆွဲပြသည်။ ရူးဆိုးက နိုင်ငံတော်နှင့် အစိုးရတို့၏
ကဏ္ဍကိုလည်း ကွဲပြားအောင် ဖေါ်ထုတ်ပေးခဲ့သည်။
ပြင်သစ်နိုင်ငံရှိဆင်းရဲသား လူတန်းစားက ရူးဆိုး၏ အတွေးအခေါ်ကို အခြေခံ
ကာ လွတ်လပ်မှု၊ ညီမျှမှုနှင့် လူအချင်းချင်းချစ်ကြည်မျှတမှု (Liberty, Equality, Fraternity)
ကို အဓိကထားကာ လူ့အခွင့်အရေးကြော်ငြာစာတမ်း (Bill of Human Rights)ကို တကမ္ဘာ
လုံးသို့ ကျေညာခဲ့လေသည်။
ပြစ်သစ်နိုင်ငံရေးအခြေအနေ
မွန်တက်စကျူ့သည်လည်း စည်းမျဉ်းခံဘုရင်စနစ်ကို လိုလားသော်လည်း သက်
ဦး ဆံပိုင်ဘုရင်စနစ်ကို ရှုတ်ချဝေဖန်ခဲ့သည်။ ထိုခေတ်က ဘုရင့်အာဏာသည် ဘုရားသခင်
ထံမှ ရရှိသည်ဆိုသည့် အယူအဆကို မှားယွင်းနေကြောင်း ခိုင်ခိုင်မာမာထောက်ပြခဲ့သည်။
ထို့အပြင် ပြင်သစ်ဘောဂဗေဒပညာရှင်များကလည်း ကူးသန်းရောင်းဝယ်ရေးတွင် အစိုးရ၀င်ရောက်စွက်ဖက်နေမှုများအား ထောက်ပြကန့်ကွက်ခဲ့ကြသည်။ ပြင်သစ်တော်လှန်
ရေး ဖြစ်စေသည့် နောက်ထပ်တွန်းအားတစ်ခုမှာ တော်လှန်ရေးခေါင်းဆောင် လက်ဖေးယက်
(Lafayette)ဖြစ်သည်။
လက်ဖေးယက်သည် အမေရိကန်လွတ်မြောက်ရေးအတွက် သွားရောက်ကူညီခဲ့
သူ ဖြစ်ပြီး သမ္မတနိုင်ငံနှင့် ဒီမိုကရေစီဝါဒမျိုးစေ့ကို သယ်ဆောင်လာခဲ့သူဖြစ်သည်။ ထိုသို့
နိုင်ငံရေး အတွေးအခေါ်များ ရှင်သန်လာခြင်း၊ စီးပွားရေးအမြင်များ ပွင့်လင်းလာခြင်း၊ ဒီမို
ကရေစီ စိတ်ဓါတ်များကူးစက်လာခြင်း၊ ဘုရင်စနစ်၏ ဖိနှိပ်မှုကြောင့် တိုင်းပြည်စီးပွားရေး
ချွတ်ခြုံကျလာခြင်းတို့ကြောင့် တတိယလူတန်းစားသည် သွေးစည်းညီညွတ်လာပြီး လွှတ်
တော်တစ်ရပ်ကို သီးခြင်းထူထောင်လိုက်ကြသည်။
၁၇၉၁ ခုနှစ်တွင် လူဝီဘုရင်သည် နိုင်ငံရပ်ခြားသို့ ထွက်ပြေးရန် ကြံစည်သော်
လည်း မအောင်မြင်ခဲ့ပေ။ ဆင်းရဲသားကိုယ်စားလှယ်များက အစိုးရအသစ်ဖွဲ့စည်းပြီး ဘုရင်
ကို ရန်သူနိုင်ငံများနှင့်လျှို့ဝှက်စွာဆက်သွယ်သည်ဟူသောစွဲချက်ဖြင့် ခေါင်းဖြတ်သတ်လိုက်
ကြသည်။ ထို့နောက် ပြင်သစ်အစိုးရ အဖွဲ့သစ်သည် နိုင်ငံကို သမ္မတနိုင်ငံအဖြစ် ကျေညာ
လိုက်လေသည်။
သို့သော် တော်လှန်ရေးမှာ အဆုံးသတ်သွားသော်လည်း လူထု၏ ဥပဒေမဲ့မှု
များ၊ အကြမ်းဖက်မှုများ၊ အာဏာလုမှုများမှာ အတောမသတ်နိုင်တော့ပဲ သွေးချောင်းစီး
ခဲ့ရလေသည်။ ထို့ခေတ်အား ပြင်သစ်နိုင်ငံ၏ သွေးချောင်းစီးသောခေတ် (Reign of Terror)
ဟု ခေါ်တွင် သည်။ ထိုသွေးချောင်းစီးသတ်ဖြတ်ပွဲတွင် အသုံးပြုခဲ့သော ခေါင်းဖြတ်စက်ကို
ဂီလာတင်း (Guillotine) ဟုခေါ်သည်။
အပိုင်း (၂)အား ဆက်လက်ဖေါ်ပြပါဦးမည်-
(လင်းသက်)
ရည်ညွှန်းကိုးကား- ၁။ ကမ္ဘာ့သမိုင်း (ပထမပိုင်း)
၂။ ကမ္ဘာ့သမိုင်း၏ မှတ်တိုင်များ (ဒုတိယပိုင်း)
၃။ ကမ္ဘာ့နိုင်ငံရေး အတွေးအခေါ်များသမိုင်း (ဒုတိယတွဲ)
၎။ ကမ္ဘာ့သမိုင်းအခြေပြ
၅။ ကမ္ဘာ့နိုင်ငံများ၏ အခြေခံဥပဒေ
၆။ နိုင်ငံရေးသဘောတရားများ (၆) - ခင်မမမျိုး
၇။ Political Ideologies: an introduction – Andrew Heywood
၈။ ဒီမိုကရေစီဘာသာရပ် (အခန်း-၄၊ အခန်း-၈)
၉။ ဒီမိုကရေစီလော့လာရေးစာစဉ် (အခန်း-၄၊ အပိုင်း-၂) – ABSDF
၁၀။ လစ်ဘရယ်ဒီမိုကရေစီမိတ်ဆက် (Ecovision)- ကျော်သူဟန်၊
ဧမင်းယဉ်
၁၁။ ဆိုရှယ်လစ်ဘရယ်ဝါဒသင်တန်းပို့ချချက် - NDF
၁၂။ The End of History- 1983 – Francis Fukuyama
၁၃။ Liberalism From Wikipedia, the free encyclopedia
၁၄။ http://www.britannica.com/EBchecked/topic/339173/
liberalism
၁၅။Classical liberalism From Wikipedia, the free encyclopedia
ဒီမိုကရေစီဆိုတာ လူအုပ်စုနှင့် အနိုင်ကျင့်တာလား
မြန်မာနိုင်ငံတွင် လူအများစုမှာ ဒီမိုကရေစီနှင့်ပတ်သက်၍ ဘူးလုံး
နားမထွင်း မရှင်းမလင်းဖြစ်နေကြဟန်တူသည်။ အာဏာရှင်စနစ်အောက်တွင်
နှစ်ပေါင်းများစွာ ဖိနှိပ်ခံရသည့်အလျောက် ဒီမိုကရေစီနှင့်ပတ်သက်လျှင် အဆုံး
စွန်ထိ လွတ်လပ်လိုသည့် ချဉ်ခြင်းတပ်မက်မှုနှင့် ဒီမိုကရေစီကိုမျောက်အုန်းသီး
ရသလို မည်သို့ ကျင့်သုံးရမည်မသိသည့် မသိခြင်းဒုက္ခ၊ ထိုခံစားမှုနှစ်ခု ဒွန်တွဲ
နေကြသည်ကို တွေ့ရသည်။
အများစုမှာ ဒီမိုကရေစီဆိုသည်မှာ ဂရိ ဘာသာစကားဖြင့် Demos (ပြည်
သူ)+ Kratos (အာဏာ (Power)/ (သို့မဟုတ်) အုပ်ချုပ်ရေး (Rule) ) ၊ သို့ဖြစ်၍ ဒီမို
ကရေစီဆိုသည်မှာ People's Power of Authority(ပြည်သူ့အာဏာစိုးပိုင်မှု) ဖြစ်
ကြောင်း၊ ဒီမိုကရေစီကို အထင်ရှားဆုံးပုံဖေါ်နိုင်သည့်စကားတစ်ခွန်းမှာ အမေ
ရိကန် နိုင်ငံ၏ (၁၆)ယောက်မြောက် သမ္မတ ကြီးလင်ကွန်း၏ "Government for
the people, by the people, for the people" (ပြည်သူတို့ အတွက် ပြည်သူတို့
ကိုယ်တိုင် တင်မြှောက်သော (သို့မဟုတ်) ပါဝင်သော ပြည်သူ့ အစိုးရ) ဖြစ်
ကြောင်း စသည်ဖြင့် ကြက်တူရွေးစာအံသကဲ့သို့ အလွတ်ကျက်မှတ်ငြင်းခုန်
နေရုံမျှဖြင့် ရောင့်ရဲ တင်းတိမ်နေကြသည်ကို တွေ့ရပါသည်။ "တရားသည်
ကျမ်းစာအုပ်မဟုတ်" ဟူသော အဆိုအမိန့် အတိုင်းပင် ဒီမိုကရေစီဆိုသည်မှာ
လည်း စာအုပ်ထဲမှ အဓိပ္ပါယ်ကိုကျက်မှတ်၍ လူကြားကောင်းရုံ ငြင်းခုန်နေခြင်း
ဖြင့် မည်သည့်အနှစ်သာရမှ ခံစားသိရှိနိုင်မည် မဟုတ်ချေ။
ဒီမိုကရေစီသည် ၀ါဒမဟုတ်၊ အုပ်ချုပ်ရေးစနစ်တစ်ခုသာ ဖြစ်သည်။
ထို့ထက် ပိုပြောရမည်ဆိုလျှင် ဒီမိုကရေစီဆိုသည်မှာ ကျင့်စဉ်တစ်ခုဖြစ်ပါသည်။
မသိနားမလည်သူများအား ဒီမိုကရေစီသည် အများဆန္ဒဖြစ်သည်၊ ထို့ကြောင့် မဲ
ခွဲဆုံးဖြတ်ခြင်းဖြင့် အများဆန္ဒပြု ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်ဟု ဆိုကာ
နားလှည့် ပါးရိုက် လက်တစ်လုံးခြား လုပ်စားနေသူများ ရှိကြပါသည်။ ထိုပုဂ္ဂိုလ်
များကြောင့် ဒီမိုကရေစီ ဆိုသည်မှာ "အများညီလျှင် ဤ ကို ကျွဲလုပ်ဖတ်"သည့်
စနစ်တစ်ခုပမာ လူအများက ထင်ယောင်ထင်မှား ရှိလာကြသည်။
၅၀+၁=၅၁ မဲ ဆိုသည့် ရလာဒ်ဖြင့် အရေးနိမ့်သူ (၄၉)ဦး၏ ဆန္ဒအား
နိုင်လိုမင်းထက်ချိုးနှိမ်ခြင်းသည်ဒီမိုကရေစီမဟုတ်ချေ။ ထိုအချင်းအရာကို "လူ
အုပ်စုဖြင့် အနိုင်ကျင့်ခြင်း"ဟု ပြင်သစ်လူမျိုး နိုင်ငံရေး သိပ္ပံပညာရှင်တော့ကီးလ်
(၁၈၀၅-၁၈၉၅)က ဆိုသည်။
သို့တိုင်အောင်ပင် လူအုပ်စု (မဲအများစု)အားကိုးဖြင့် ဂျပိုးကို လိပ်ဖြစ်
အောင်ပြော၊ ၀ါးလုံးကို ၀ါးခြမ်းဖြစ်အောင်လုပ်နေသော ဒီမိုကရက် (အမည်ခံ/
အယောင်ဆောင်) ပုဂ္ဂိုလ်ကြီးများကို စိတ်ဆင်းရဲဖွယ် မြင်တွေ့နေရဆဲဖြစ်ပါသေး
သည်။ ထို့ထက် ရင်နင့်ဖွယ်ပိုကောင်းသည့် အချက်မှာ မိမိကိုယ်မိမိ Democrat ဟု
ခံယူထားကာ ဒီမိုကရေစီကို ပါးစပ်ဖျားကမချတမ်းတဖွဖွပြောနေသူများကပင်
ကွန်မြူနစ် ရနံ့များမကင်း၊ ဆိုရှယ်လစ်သံယောဇဉ်မပြတ်၊ အမျိုးသားရေး စိတ်
ဓါတ် တထောင်းထောင်းထနေသော ဖက်ဆစ်ဆန်ဆန် ပုဂ္ဂိုလ်များဖြစ်နေကြခြင်း
ဖြစ်ပါသည်။ ထိုအချက်ကပင် လစ်ဘရယ်ဝါဒအတွက် ရှေးရိုးအစဉ်အလာကြီးမား
သော အသိုင်းအ၀န်း၊ လူမျိုးရေး စိတ်ဓါတ်ပြင်းထန်သော ပတ်ဝန်းကျင်မျိုးတွင် အခြေကုပ်အမြစ်တွယ်ရန် ကြီးမားသော စိမ်ခေါ်မှုတစ်ခု ဖြစ်နေပါသည်။
၂၀၁၂ ခုနှစ်အတွင်း စာရေးသူကို ကျောင်းသားများ အမေးဆုံးမေးခွန်း
များမှာ "မြန်မာ့ရေမြေတွင် ဒီမိုကရေစီအမြစ်တွယ်ရှင်သန်ရန် ဘာတွေ လိုအပ်သ
လဲ" "အမြစ်တွယ်ရှင်သန်နိုင်သည့် ရေခံမြေခံရောရှိသလား" "အချိန်ကာလ ဘယ်
လောက် ကြာမလဲ" ဆိုသော မေးခွန်းများနှင့် အလားတူမေးခွန်းများသာဖြစ်ပါသည်။
ထိုမေးခွန်းများအတွက် အဖြေမှာ ရှေးရိုးအစဉ်အလာကြီးမားပြီး ဂိုဏ်းကဏ္ဍပြဿနာ
ရှုပ်ထွေးများမြောင်ကာ လူမျိုးရေးအစွဲအလမ်းကြီးသော မြန်မာ့ဒီမိုကရေဗဟိုချက်သို့ လစ်ဘရယ်ဝါဒ ဘယ်လောက်ချဉ်းကပ်စွဲမြဲနိုင်သလဲ ဆိုသည့် အပေါ်တွင် မူတည်နေပါ
လိမ့်မည်။
ထိုသို့ပြောရခြင်းမှာ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ် Democratization သည်
ခေတ်မှီရေး (Modernization) အပေါ် တည်မှီနေခြင်းကြောင့်ပင်ဖြစ်ပါ သည်။ Cultural
Change ရမည် စိုး၍ Modernization ကို လက်မခံနိုင်သော နိုင်ငံများမှာ Democratic
Consolidation ကိုရောက်ရန် ကြန့်ကြာ တတ်ပါသည်။ ထိုအဆင့် မရောက်မီ နိုင်ငံရေး
ပိတ်ဆို့မှု (Political Deadlock) ဖြစ်ပြီး အထက်မရောက် အောက်မကျသည့် ဇော် ကန့်
လန့် ဒီမိုကရေစီ (Partial Democracy)လည်းဖြစ်နိုင်သလို၊ Democratic Consolidation အဆင့်သို့ ရောက်ပြီးမှ နောက်ကြောင်းပြန်လှည့်သွားချင်လည်း လှည့်သွားနိုင်ပါသည်။
ယဉ်ကျေးမှု အစဉ်အလာကြီးမားသော နိုင်ငံများတွင် လူတစ်ဦးချင်းကို အဓိကထား
သည့် (Individualism) ထက် အမျိုးသား အကျိုးစီးပွားကို အသားပေးသည့် အစုအဖွဲ့
အသွင်သဏ္ဍန်သို့ ပိုတိမ်းညွတ်တတ်ကြသည်။ (ဥပမာအားဖြင့်- ဂျပန်နိုင်ငံဖြစ်သည်။)
ထိုနိုင်ငံများတွင် လစ်ဘရယ်ဝါဒထက် ဆိုရှယ်လစ်ဝါဒ (သို့တည်းမဟုတ်) အ
မျိုးသားရေးဝါဒများက ပိုမိုပျော်ဝင်မှု အားကောင်းတတ်ကြပါသည်။ ထိုအချက်ကြောင့်
ပင် မြန်မာ့ဒီမိုကရေစီဗဟိုချက်သို့ လစ် ဘရယ်ဝါဒထိုးဖေါက်ဝင်ရောက်ရန် ခက်ခဲလိမ့်
မည်ဟု ကောက်ချက်ချ ခဲ့ခြင်းဖြစ်သည်။
လစ်ဘရယ်ဝါဒ၏ အဓိက ကိုယ်ကျင့် တရား စံမှာ ခန္တီ(သည်းခံခြင်း တရား)
(Toleration) ဖြစ်သည်။ လစ်ဘရယ်တို့က မတူခြားနားသည့် အမြင်များကို လက်ခံပြီး
နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ ၀ိဝါဒကွဲပြားခြင်းကို အပေါင်းလက္ခဏာအဖြစ်ကြိုဆိုကြ
ပါ သည်။ ထိုသို့ ကွဲပြားခြားနားခြင်းကပင် လူမှု့အသိုင်းအ၀န်းတိုးတက်မည့် သင်္ကေတ
ဟု ကောက်ယူကြသည်။
ဒီမိုကရေစီဆိုသည်မှာ ဆရာကြီး ဒဂုံတာရာ၏ စကားဖြင့် ပြောရလျှင် "
မတည့် အတူနေစနစ်" ဖြစ်ပါသည်။ Agree to disagree မတူကွဲပြားခြင်းကို လက်ခံ
တတ်သည့် နိုင်ငံရေး ယဉ်ကျေးမှု (Political Culture) တစ်ခု ထွန်းကားရန် မြန်မာ့
နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် များစွာလိုနေပါသည်။ သို့မဟုတ်ပါက ဝေဖန်ခံရတိုင်း
အရေးယူသည့် ဓလေ့သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ရိုးရာတစ်ခုပမာ စွဲမြဲကျန်
ခဲ့ပါလိမ့်မည်။ သို့အတွက် ထိုအကျင့်ကို အရင်ဆုံး အမြစ်ပြတ် ကုစားရန် အရေးကြီး
လှပါသည်။
မြန်မာနိုင်ငံ အနေနှင့် ဆိုရသော် လစ်ဘရယ်ဝါဒထက် ပိုမို စိမ့်ဝင်မှု အား
ကောင်းသော (သို့တည်းမဟုတ်) အသားကျပြီး ဖြစ်သော ကွန်ဆာဗေးတစ်ဝါဒနှင့် ဆို
ရှယ်လစ်ဝါဒတို့ကို မော်ဒန်နိုင်ဇေးရှင်းအနေဖြင့် ခက်ခဲကြမ်းတမ်းစွာ ကျော်ဖြတ်ရပါ
လိမ့်မည်။ သို့သော် မြန်မာ့လူငယ်များ၏ ရုန်းထလာသော လွတ်လပ်လိုသည့် ဆန္ဒနှင့် အမြင်သစ်တို့ကို ရှေးရိုးစွဲလူကြီးများ ကာလကြာရှည် ထိန်းထားနိုင်ဖွယ် မရှိလှချေ။
ယခုအခြေအနေတွင်မူ မတူခြားနားသည့်အမြင်ကို လက်ခံပေးရန်များစွာ
လိုအပ်နေပြီး၊ Democratic Culture ကို ယခုထက်ပိုမို အသားကျစေရန် အရေးကြီးလှပါ
သည်။ သို့မဟုတ်ပါက ဒီမိုကရေစီအား မြန်မာလူထု၏ ငြီးငွေ့စိတ်ပျက်ကာ စနစ်ဟောင်း
ကို ပြန်တမ်းတသည့် အန္တရာယ်နှင့်ကြုံတွေ့ရနိုင်ပါသည်။
နောက်တစ်ချက်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် ဦးဆောင်နေသူ
Key Player များ (အခင်းအကျင်းတွင် Key Player မဟုတ်သော်လည်း ပြည်သူ လူထု
အမြင်တွင် Key Player ဟု အထင်ခံနေရသူများ)၏ အံ့အားသင့်ဖွယ် လွဲချော်ချက်များ
ကို မကြာခဏမြင်တွေ့နေရပါက နောင်လာမည့် ရွေးကောက်ပွဲများတွင် မဲပေးရန် စိတ် မ၀င်စားတော့သည့် (သို့မဟုတ်) နိုင်ငံရေးကို စိတ်ပျက်သည့် အန္တရာယ်နှင့် ထိပ်တိုက်
ရင်ဆိုင်ရဖွယ် ရှိပါသည်။
သို့ဖြစ်ပါ၍ မြန်မာ့ ရေ မြေတွင် ဒီမိုကရေစီ အမြစ်ရှင်သန်ခြင်း၊ မရှင်သန်ခြင်း
သည် အထက်ပါ အချက်များတွင် များစွာ များစွာတည်မှီနေသည်ဟု ယူဆမိပါသည်။
ထို့အပြင် ဒီမိုကရေစီဆိုသည်မှာ "လူအုပ်စုနှင့် အနိုင်ကျင့်သည့် စနစ်မဟုတ်ကြောင်း" သက်သေပြရန် ဒီမိုကရက်များတွင် အဓိကတာဝန်ရှိကြောင်း ပြောကြားလိုပါသည်။
(လင်းသက်)
Thursday, February 28, 2013
Subscribe to:
Posts (Atom)